ငပုတော ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံနှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက သက္ကာယ်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် တောင်သူများနှင့် သီးနှံပိုးမွှားရောဂါကာကွယ်ရေး နည်းပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံက စပါးစုပ်ပိုးကို ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ၊ ကာကွယ်နှိမ်နင်းနည်း၊ ဖျက်ဆီးပုံ လက္ခဏာများ၊ ပဲသီးနှံနှင့် အခြားသီးနှံများကို ပိုမွှားအန္တရာယ်မှ ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်လာမှုအပေါ် တာဝန်ခံက အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)