ဘုတ်ပြင်း ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းဖြင့် အုပ်စု(၄)စုခွဲ၍ တစ်နေ့လျှင်ပွဲစဉ်(၃)ပွဲဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုပွဲစဉ်ဖြင့် ခဲမိုင်းကျေးရွာအသင်းနှင့် Legrnds အသင်း၊ တောင်ဒဂုံအသင်းနှင့် Generation အသင်း၊ Player အသင်းနှင့်ZBMT အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်း (ပြန်/ဆက်)