စေတုတ္တရာ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေး စေတုတ္တရာမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအတွက် စားအုန်းဆီ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က စံပြရပ်ကွက် ဦးသန်းကျော်ဆီဆိုင်တွင် အိမ်ထောင်စု တစ်စုလျင်စားအုန်းဆီ ၁ ပိဿာ ငွေကျပ် (၈၁၅ဝ) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများ ရောင်းချပေးခြင်းကို ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ အသင်းဝင်၊ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသန်းကျော်က ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာရှိပြည်သူများကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)