ပန်းတနော် ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ် ကဇင်းငူကျေးရွာအုပ်စု၊ သမိုင်းကျေးရွာရှိ ကျေးရွာသူရွာသားများအား မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစည်သူအောင်က ကျေးရွာရှိ ကျေးရွာသူရွာသားများအား Fire Hotspot နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မီးဖိုများအား အိမ်အောက်သို့ချ၍ ချက်ပြုတ်စေရေး၊ EV Car များ မီးဘေးလုံခြုံရေး၊ မိမိတို့နေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဆေးဘူးများ မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုစေရေး၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန် စသော အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)