ရွှေတောင် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးအောင်သူရဦးဆောင်၍ မယားမာန်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်း(မယားမာန်)တွင် ယနေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြသခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် လက်ထောက်မီးသတ်ဦးစီးမှူးဦးအောင်သူရက ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူလေးများကို မီးဘေးဆိုင်ရာအသိပညာများစိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မယားမာန်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးအောင်သူရနှင့်တပ်ဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူလေးများအား မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)