ကော့သောင်းမြို့တွင် စနေနေ့ အပတ်စဉ် စုပေါင်းသန့်ရှင်း‌ရေးများ ဆောင်ရွက်

ကော့သောင်း ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နယ်မြေခံတပ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆေးရုံဝင်းအတွင်း ဥပဓိရုပ် ကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းလုပ်အားပေးဆောင်ရွက်သည့် နေရာသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှဗိုလ်မှူးကြီး အောင်ကိုလတ်နှင့် တာဝန်ရှိသူများ လာ‌‌ရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ပြည်သူ့ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ အခက်အခဲနှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ တက်ရောက်လူနာများအားလည်း လိုက်လံကြည့်ရှုအားပေးစကား‌ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)