ဆိပ်ဖြူ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် လူဦးရေနှင့်အိမ်ထောင်စုတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ၊ မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံးတို့မှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကပူးပေါင်း၍ ရပ်ကွက်များအတွင်းကွင်းဆင်း၍ လူဦးရေနှင့်အိမ်ထောင်စုစာရင်းများ မှန်ကန်မှု ရှိ/မရှိတို့ကို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်သည်။ ထို့သို့ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)