မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။       

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်တွင်၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးနှံများစိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသကြက်မွေးမြူရေး၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ အမှိုက်များအားမီးရှို့ခြင်းမပြုလုပ်ရန်၊ မြေပြင်လူဦးရေစာရင်း ကောက်ယူရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသစ်ပင်စိုက်ပျိုးကြရန်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်၍  ပူးပေါင်းဆောင်ရွက်ရန်၊ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက်ဖွင့်လှစ်ပြီး စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးဆောင်ရွက်ရန်၊ နိုင်ငံ‌တော်မှအသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးနေမှုများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပ‌ဒေအကြောင်းအရာများနှင့်လုံခြုံရေးဂရုပြု ဆောင်ရွက်ကြရန်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက၊ ပန်းတိုင်အထွက်နှုန်းရှိရေး၊ မွေးမြူရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်း အရာများ မြေပြင်လူဦးရေစာရင်းကောက်ယူရေးယူရေးဆိုင်ရာ အ‌ကြောင်းအရာများအားဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)