(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

မြိတ် ဖေဖော်ဝါရီ ၁

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် “စည်းလုံးညီညာ ပြည်သာယာ” ၊ ကဗျာပြိုင်ပွဲတွင် “တို့ပြည်ထောင်စု” ၊ ပန်းချီပြိုင်ပွဲတွင် “စည်းလုံးညီညာပြည်သာယာ” ၊  ဆောင်းပါးပြိုင်ပွဲတွင်  “ညီညွှတ်မှုဖြင့် ပြည်ထောင်စုတည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် “သွေးစည်းချစ်ကြည် လက်တွဲညီ” ၊ ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့တို့မမေ့” ၊ ပန်းချီပြိုင်ပွဲတွင် “သွေးစည်းချစ်ကြည်လက်တွဲညီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။

အထက်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် (၁၃)ဦး၊ ကဗျာပြိုင်ပွဲတွင် (၁၁)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၇)ဦး၊  ဆောင်းပါးပြိုင်ပွဲတွင် (၆)ဦး၊ အလယ်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် (၁၆)ဦး၊ ကဗျာပြိုင်ပွဲတွင် (၁၂)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၄)ဦး၊ မူလတန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား  ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

ခိုင်ထူး (ပြန်/ဆက်)