မင်းဘူး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလတွင် အမှတ် (၁) ရပ်ကွက်ရှိ ရှင်ပင်စက္ကိန်းတဲဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် တရားပွဲများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဘုရားပွဲအကြို ဓမ္မပူဇာသဘင် ညတရားပွဲများ၊ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများဖြင့် ကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များက တရားပွဲ၊ ပဋ္ဌာန်းမြတ်ပူဇော်ပွဲများအပြင် တေးဂီတဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းလည်း ရှင်ပင်စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောကြားခဲ့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)