အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းဂုဏ်‌ဆောင် ပြေးခုန်ပစ်ကစားသမားများ‌အား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

ကော့သောင်း ဇန်နဝါရီ  ၃၁

၂၀၂၅ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသော အ.ထ.က(ခွဲ) အ.လ.က(၂)မှ ပြေးခုန်ပစ်အားကစားသမားများအား အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများက နွေး‌ထွေးစွာ ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုရာတွင် ‌အေးရိပ်ငြိမ်ရပ်ကွက် မြို့မအားကစားကွင်းတွင်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့်  ပြိုင်ပွဲဝင်ကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြဆရာ၊ ဆရာမများအား အ.ထ.က(ခွဲ) အ.လ.က(၂) ဘင်ခရာတပ်ဖွဲ့ဖြင့် ဦးဆောင်ကြိုဆိုခဲ့ပြီး ပိုက်ဆံပန်းစည်းများ ချီးမြှင့်ခဲ့ကြပြီး ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများက လက်ခုပ်‌ဩဘာများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ၊ တာဝန်ခံဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများအား ကျောင်းအုပ်ကြီးရုံးခန်းတွင် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံခဲ့ပြီး ပြေးခုန်ပစ်တာဝန်ခံဆရာမက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များ၏ ဆုရရှိမှုအခြေနေအား ရှင်းလင်းပြောကြား၍ ကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထိုက်က ကျောင်းကိုယ်စားပြု ပြေးခုန်ပစ်ကစားသမားများနှင့် အုပ်ချုပ်သူနည်းပြတို့အား ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)