ပုလော ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာပေကိုချစ်မြတ်နိုးသည့် စာဖတ်ဝါသနာပါသူများ၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး ကြောင့် မလာရောက်နိုင်သူများကို စာပေလေ့လာဖတ်ရှုနိုင်စေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်ပရိသတ် လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)