သာပေါင်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒုတိယအကြိမ် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ KG ကျောင်းပေါင်း(၂၃၈)မှ ကျောင်းသား၊ ကျောင်းသူ(၂၇၂၅)ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင်ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း(မိခင်/ကျောင်းကျန်းမာရေးအာဟာရ)နှင့် ကျန်းမာရေးဝန်ထမ်းတို့က သန့်ရှင်းလတ်ဆတ်မှုနှင့် အာဟာရ(၃)အုပ်စုပါဝင်စေရေး ကြီးကြပ်စစ်ဆေးကြပြီး ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး