သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူ၊ ကျောင်းသားများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော သူများဖြစ်စေရန်၊  စာပေ၏တန်ဖိုးကိုသိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စောမင်းသား