အထက်မင်းလှ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုင်းဘုတ်အား အမွေးနံ့သာများဖြင့် ပက်ဖျန်း၍ စိုက်ထူခဲ့သည်။
မင်းလှမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)