မင်းဘူး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(စကု)၌ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဦးတိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အ.ထ.က (စကု)မှ Grade-10 ကျောင်းသား မောင်ပြည့်စုံကျော်က “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ Grade-10 ကျောင်းသား မောင်ကောင်းမြတ်သူက “လူငယ်နှင့်အားကစား”၊ Grade-10 ကျောင်းသူ မနှင်းသန့်ဇာနည်က “လူငယ်နှင့်အင်တာနက်”၊ Grade-9 ကျောင်းသူ မသုဝေဖြိုးက “လူငယ်နှင့်နည်းပညာ”၊ Grade-10 ကျောင်းသူ မဝိုင်းဆုခိုင်က “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာကြသူမျာက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)