ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်

ကော့သောင်း ဇန်နဝါရီ ၃၁

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၊ အားကစားနည်း (၁၀) မျိုးကို  ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းပေါင်းများမှ ပြေးခုန်ပစ်အားကစားသမားများက ဇန်နဝါရီ (၃၀) ရက်နေ့မှ စတင်၍ အားကစားပွဲစဉ် အလိုက်  ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းပေါင်းစုံမှ အားကစားပြိုင်ပွဲဝင်များနှင့် အားကစားဝါသနာရှင်များ တခဲနက်လာရောက်အားပေးခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လည်ဆွဲဆုနှင့်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို အ.ထ.က (၃) အေးရိပ်ငြိမ်ကျောင်းမှလည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားကို အ.ထ.က (ဆယ်မိုင်) ကျောင်းမှလည်းကောင်း ရရှိခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)