မြဝတီမြို့ အ.ထ.က(၁)၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

 

 

 

မြဝတီ ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂-၂၀၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းနိုင်၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့မိမြို့ဖဦးသန်းရွှေ၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Grade-10 ကျောင်းသား၊ ကျောင်းသူလေးများကကြိုဆိုပါသည်စုံညီပွဲတော်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ် ချက်ကို ရှင်းလင်းပေး၍ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်၊ တို့လှမ်းချီတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ထူးချွန်ဆုရရှိသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့၌ ကာယ၊ ဉာဏပိုင်း ထူးချွန်ဆု ရရှိခဲ့သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဦးစိန်သောင်း၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းနိုင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်၊ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ အငြိမ်းစားကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများချီးမြှင့်ပေးပြီး အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)