မြို့သစ်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပြည်သူများဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲ၊ ဝက်နှင့် ဆိတ်သားများကို ဈေးနှုန်းသတ်မှတ်၍ အသားရောင်းချသည့်ဆိုင်များတွင် ဗီနိုင်းပိုစတာဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများအား အမဲသား၊ ဝက်သားနှင့် ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်တာဝန်ခံတစ်ဦး၏ပြောကြားချက်အရ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)