မြန်အောင် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြန်အောင်နေခြည်စျေးအတွင်း နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြန်အောင်နေခြည်စျေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို.နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်နိုင်ထွန်းနှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စျေးအတွင်း ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဆိုင်ခန်းများအတွင်း အသုံးပြုနေသော လျှပ်စစ်မီးကြိုးများ အန္တရာယ်ကင်းရှင်းရေး၊ စျေးအတွင်းအသုံးပြုနေသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိနှင့် နေခြည်စျေးအတွင်း တပ်ဆင်ထားသော အရေးပေါ်ရေပိုက်ခေါင်းများ ကောင်းမွန်ခြင်းရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စျေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)