ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၂၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ Theatre (M-306) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါတက္ကသိုလ်အဆင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို “သားချင်းစုံညီ နိုင်ငံတော်သစ်ဆီ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “ညီနောင်လက်စွဲ ပြည်ထောင်စုပွဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “ခိုင်မာစုစည်း ပြည်ထောင်စုခရီး” ခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံးပြိုင်ပွဲကို “စည်းလုံးမှုအင်အား ပြည်ထောင်စုသား”ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)