လိပ်သိုဒေသတွင် Robusta ကော်ဖီသီးတစ်ပုံးလျှင် (၆၀၀၀ဝိ/-) ကျပ်အထိ ဈေးနှုန်းမြင့်တက်လာ

လိပ်သို ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် Robusta ကော်ဖီသီးများ ကောင်းမွန်စွာ ရင့်မှည့်လာချိန် ဈေးနှုန်းမြင့်တက်ရရှိလာသဖြင့် ခြံပိုင်ရှင်များနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကော်ဖီဝယ်ယူသူများမှာ ကော်ဖီသီးများကို ကျေးရွာများအထိ အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ဒေသထွက် ကော်ဖီသီးများမှာ ဇန်နဝါရီလ ပထမအပတ်တွင် ကျပ် (၄၀၀၀ဝိ/-) အထိ ဈေးရရှိခဲ့ပြီး ယခု ဇန်နဝါရီလကုန်ပိုင်းတွင် (၆၀၀၀ဝိ/-) ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကော်ဖီရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

ကော်ဖီသီးများ ဈေးကောင်းရရှိလာသဖြင့် ဝယ်ယူသိုလှောင်သူ များပြားလျက်ရှိပြီး အဆိုပါကော်ဖီသီးများကို အခြောက်လှန်း၍သော်လည်း ကောင်း၊ အမှုန့်ကြိတ်၍သော်လည်းကောင်း သိုလှောင်ထားကြကာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်