ကျွန်းလှမြို့၌ ယာယီနေရပ်စွန့်ခွာသူမိသားစုများအား အခြေခံစားသောက်ကုန်များပေးအပ်

ကျွန်းလှ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူ မိသားစုများအား အခြေခံစားသောက်ကုန်များပေးခပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပရာ ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင် ဆရာတော်ဘဒ္ဒန္တဝါသဝ(ငါးရာ့ငါးဆယ်ဆရာတော်)က ဩဝါဒစကား မိန့်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်းက အမှာစကားပြောကြားပြီး နေရပ်ပြန်စစ်ဘေးရှောင် မိသားစု(၅၀)အတွက် ဆန် (၅၀)အိတ်၊ ဆီ (၁၀၀) ပိဿာ၊ ဆား (၅၀) ပိဿာ၊ ကြက်သွန်နီ (၂၅၀) ပိဿာနှင့်ငွေကျပ်သိန်း (၃၀)ပေးအပ်၍ ဆရာတော်ဘဒ္ဒန္တ ဝါသဝမှ နိဂုံးချုပ်ဩဝါဒစကားမိန့်ကြားခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)