အိမ်မဲ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားစေရန်ရည်ရွယ်ပြီး ပုသိမ်တ္ကသိုလ်မှ ဆရာ/ ဆရာမကြီးများက ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ နေရာ(၃)နေရာခွဲ၍ ပို့ချပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားစေရေးအတွက် ပုသိမ်တက္ကသိုလ်မှ ဆရာ/ဆရာမကြီး(၁၁)ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ဇီဝဗေဒဘာသာရပ်ကိုလည်းကောင်း၊ အ.ထ.က (၁) ရွေညီလာခန်းမ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များကိုလည်းကောင်း၊ အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမ၌ ပထဝီ၊ သမိုင်း ဘာသာရပ် များကို နေရာသုံးနေရာခွဲ၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်ကြားပို့ချမှုများကို တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်တန်းတွင် သင်ကြားပေးသော ဆရာ/မများ စုစုပေါင်း (၁၁၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)