သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

သံတောင်ကြီး ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားလူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ်သလဲ၊ လူကုန်ကူးသူကဘယ်လို လုပ်ဆောင်လဲ၊  လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာ ဘာကြောင့်လူကုန်ကူးခံရသလဲ၊ လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ  စသည့် အကြောင်းအရာများအား ပြသပေးခဲ့ကြောင်း သိရသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ