သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်​ငွေများပေးအပ်

သဲကုန်း ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေးအပ်သော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများအား ယနေ့နံနက်(၉) နာရီအချိန်ကစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးအပ်လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၁၇၂)ဦးရှိရာ (ဧပြီလမှ ဒီဇင်ဘာလ)အထိ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၀၃၅၆၀၀၀၀)သိန်းအား ထောက်ပံ့ပေးအပ်သွားမည်​ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါကလိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ အသက်အရွယ်ကြီးရင့်သော သက်ကြီးဘိုးဘွားများ အခက်အခဲမရှိထောက်ပံ့ငွေများ ထုတ်ယူရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ/ အုပ်စုများအလိုက်အလှည့်ကျစနစ်ဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)