စေတုတ္တရာ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စည်ကျစ်တောင်ဘုရားစေတီ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားလူငယ်များ လုပ်အားပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဘုရားစေတီများကို ပြုပြင်နေရခြင်းမှာ ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ပြန်လည်ပြုပြင်မွမ်းမံနေခြင်းဖြစ်ကြောင်းနှင့် ဘုရားစေတီမွမ်းမံပြီးစီးရေးအတွက် အလှုရှင်များ ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ကြောင်း စည်ကျစ်တောင် ဆရာတော်ထံမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)