သဲကုန်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးဆိုင်ခန်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်း ရှိ/ မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးကျော်မင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်းနှင့်ဝန်ထမ်းများက စျေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးတပ်ဆင်ထားရှိမှုအခြေအနေများ၊ ဈေးအတွင်းမီးသုံးစွဲသည့် စားသောက်ဆိုင်ခန်းများနှင့် ဈေးဆိုင်ခန်းများအတွင်းရှိ မီးသတ်ဆေးဗူးများကောင်းမွန်မှု ရှိ/မရှိ၊ လျှပ်စစ်ကြိုးများ စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး လျှပ်စစ်ကြိုးများဟောင်းနွမ်းပျက်စီးမှုမရှိစေရေးနှင့်လိုအပ်သည်များ ကြိုတင်စစ်ဆေး ပြင်ဆင်ဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားလိုင်းစနစ် ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ခြောက်သွေ့ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထားလိုက်နာကြပ်မတ်ဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)