နတ်မောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘုန်းတော်ပြည့်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးဇော်မင်းက တောမီးမရှို့ရေး၊ တစ်ဘက်ပိတ်ကန်များ တူးဖော်ခြင်း၊ မိုးရေစုကန်များပြုလုပ်၍ ရေကိုစုဆောင်းချွေတာသုံးစွဲရေး၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း များကို မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်နည်းများကို ပြုလုပ်နိုင်ရန်၊ သစ်တောထွက် သယံဇာတပစ္စည်များ ထိန်းသိမ်းရန် သစ်တော၊ သစ်ပင်မျာစိုက်ပျိုးပြုစု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသော အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှလည်း သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း