ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ကဝ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက အုန်းနှဲကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အုန်းနှဲကျေးရွာအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် သက္ကလအသင်းနှင့် ကျောက်တန်းအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၉ သင်းဖြင့် ဇန်နဝါရီလ (၂၆) ရက်နေ့မှ ဖေဖော်ဝါရီ (၅) ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)