ကန့်ဘလူ ဇန်နဝါရီ ၂၇
စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့(Book Club) အသင်းဝင် များနှင့်စာပေဝါသနာရှင် များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့(Book Club)အသင်းဝင်များက ၂၀၂၄ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ( ၅၁) ၊အမှတ်(၃) စာအုပ်မှ ကိုကျော်စွာ(ကျိုက်ပိ) ရေးသားသည့် လူငယ်ဘဝမြင့်မားဖို့ ဗလငါးတန်ဖြည့် ဆည်းစို့ ဆောင်းပါးနှင့်ပတိသက်၍ ယနေ့ခေတ်တွင် ဘဝအောင်မြင်ရေးကို ပိုမိုဦးစားပေးဆောင်ရွက်လျက်ရှိသည့်လူငယ်များအနေဖြင့် ဇွဲလုံ့လဝီရိယတို့ရှိရန်လိုအပ်သည့်အပြင် ဗလငါးတန်နှင့်ပြည့်ဝအောင် ကြိုးစားနေထိုင်ရန်များလည်း အရေးကြီးကြောင်း၊ ကာယဗလ (ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိခြင်း)၊ ဉာဏဗလ(ဉာဏ်ပညာထက်မြက်ခြင်း)၊ မိတ္တဗလ(မိတ်ဆွေကောင်းပေါများခြင်း)၊ ဘောဂဗလ (ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝခြင်း)နှင့် စာရိတ္တဗလ (ကိုယ်ကျင့်တရားကောင်းမွန်ခြင်း)စသည့် ဗလငါးတန်သည် တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိကြောင်း စသည်ဖြင့်အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသူ မကြည်ဖြူလင်း၊ မဧပြီဖူး၊ မရွှေရည်အောင်၊ မမေထက်မွန်တို့က ဆောင်းပါးနှငိ့စပ်လျဥ်း၍ ယင်းတို့၏အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)