ကြံခင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ(ကြံခင်း)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ပင်စင်လာရောက်ထုတ်ယူချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးစီ ၃၇၀၀ ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ရင်းရင်းနှီးအားပေးကြသည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ကြက်ဥ အလုံး ၆၀၀ လုံးကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)