ညောင်တုန်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဘောလုံးပြိုင်ပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်များနှင့် အားကစားသမား အနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျယှဉ်ပြိုင်ကြရန်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမြင့်လွင်က ဘောလုံးကန်တင်၍ စတင်ဖွင့်လှစ်ခဲ့ပြီး အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)