ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်

ရွှေဘို ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး​ဟော​ပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့်ရွှေဘိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့သည်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်း​ပြောကြားခဲ့ပြီး၊ သရုပ်ပြအခမ်းအနားတွင် ရှာဖွေကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှု(HNE) ကျောလွယ်မီးငြိမ်းသတ်မှုကိရိယာဖြင့် ငြှိမ်းသတ်ခြင်း၊ မီးလောင်ပြင်တွင် မီးငြိမ်းသတ်ခြင်းစသည်တို့အား လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နေအိမ်အခန်းများ မီးသုံးစွဲမှု စစ်ဆေးအကြံပြုခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)