ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် () နာရီ အချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

ဗိုလ်လုပွဲကို အမျိုးသားတာရပိုင်းကျောင်းအသင်းနှင့် ကတ္တလူကျောင်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာရပိုင်း‌ကျောင်းအသင်းက (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့ပြီး အမျိုးသမီးမရမ်းချောင်းကျောင်းအသင်းနှင့် ကျွန်းစုကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပါနယ်တီအဆုံးအဖြတ်ဖြင့် မရမ်းချောင်း‌‌ကျောင်းအသင်းက အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။

ထိုနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ဒုတိယဆု ရရှိသောအသင်းများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုရရှိသော အမျိုးသမီးမရမ်းချောင်းကျောင်းအသင်းအား မြို့နယ်ပညာရေးမှူးမှလည်းကောင်း၊ ပထမဆုရရှိသော အမျိုးသားတာရပိုင်းကျောင်းအသင်းအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းကလည်းကောင်း တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)