ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

​ရွှေဘို ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ယ​နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

သင်တန်းတွင် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်အေးမြင့်စန်းက အမျိုးသမီးငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိစေရေး၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြစ်ပေါ်လာပြီး ဝင်ငွေတိုးရေးအတွက် ဆံပင်ဆံအုပ် (ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်​ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြ ဒေါ်ဝင်းပပထွန်းက သင်တန်းတွင် အခြေခံအဆင့်ဆံပင်ဆံအုပ် (ဘိုးကလစ်) ပြုလုပ်နည်းများကို စာ​တွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်းတန်းသူစုစုပေါင်း (၂၁)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)