မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်စေရန် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင် ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားမှု မရှိစေရန် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြန်အောင်မြို့ အမှတ်(၃) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်အတွင်းရှိနေအိမ်များ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မောင်ထွေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)