ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ သီရိရောင်ခြည် မူကြိုကျောင်း၌ E.C.C.D မူကြိုကျောင်းမှ KG တန်းသို့ ကူးပြောင်းမည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း  အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ သီရိရောင်ခြည် မူကြိုကျောင်း၌ E.C.C.D မူကြိုကျောင်းမှ KG တန်းသို့ ကူးပြောင်းမည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ လွန်ချီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်က ချီးမြှင့်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး လွန်ချီကျေးရွာ သီရိရောင်ခြည် မူကြိုကျောင်း မူကြိုဆရာမ ဒေါ်အေးယုမာက ကျောင်းဆင်းပွဲပြုလုပ်ရခြင်းအကြောင်းတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သားငယ်၊သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော သီရိရောင်ခြည်မူကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား သားငယ်၊သမီးငယ်များက ကောက်စိုက်ချိန်၊ အချစ်ရဲ့ကိုယ်ရံတော်၊ ဟုတ်လဲမဟုတ်ဘဲနဲ့၊ ထမင်းမိန်မိန်စားမယ် စသည်တို့ဖြင့်က ပြဖျော်ဖြေခဲ့ကြပြီး ကျောင်းသားမိဘနှင့် ကျောင်းကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)