တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade – 5 နှင့် အလယ်တန်းအဆင့်, Grade – 9 သင်ကြားသင်ယူမှု ထိရောက်ရေး ဆွေးနွေးပွဲများ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ  ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade – 5 နှင့် အလယ်တန်းအဆင့် Grade – 9 သင်ကြားသင်ယူမှု ထိရောက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် မြို့နယ်အဆင့် ဆွေးနွေးပွဲများကို ယနေ့နံနက်ပိုင်းက အမှတ်() အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် ()အခြေခံပညာအထက်ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်  Grade – 5 သင်ကြားမှုသင်ယူမှု ထိရောက်ရေးနှင့် အရည်အသွေးမြှင့် ဆွေးနွေပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ ၁၃၉၅ ဦးနှင့် ဦးဆောင်ဆွေးနွေးသူ  ဆရာ၊ ဆရာမ ၄၆ဦး၊ အခြေခံပညာအလယ်တန်း အဆင့် Grade -9 အတွက် သင်ကြားမှုသင်ယူမှု ထိရောက်ရေးဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ ၄၃၂ ဦးနှင့် ဦးဆောင်ဆွေးနွေးသူ ဆရာ၊ ဆရာမ၃၀ ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ ၁၉၀၃ ဦးတို့က မိမိတို့သင်ကြားသည့် ဘာသာရပ်များအလိုက် သင်ကြားမှုသင်ယူရေး ထိရောက်မှု ထိရောက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

နောင်နောင် (ဗိဿနိုးမြေ)