ပခုက္ကူ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ပြောကြားပြီး အငယ်တန်းစာရေး ဒေါ်အေးမြတ်မွန်က စာရေးဆရာ ဒေါက်တာဖြိုးသီဟ ရေးသားထုတ်ဝေထားသော “ပျော်ရွှင်ပါစေ”စာအုပ်အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွဲဖက်ဝန်ထမ်းများက စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)