တောင်တွင်းကြီးမြို့နယ် UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ကာယ၊ ညဏ၊ စာရိတ္တထူးချွန်သူများ ဂုဏ်ပြုပွဲနှင့် စုံညီပွဲတော်အခမ်းအနားကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကာယ၊ ညဏ၊ စာရိတ္တ ထူးချွန်သူများအား ဂုဏ်ပြုပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ()နာရီအချိန်က တောင်တွင်းကြီးမြို့၊ ရန်ပယ်အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 အခမ်းအနားကို UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများကမင်္ဂလာပါသီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဌေးက ပညာရေးဆိုင်ရာ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကာ UAZL ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးအောင်ဇေယျလင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း ၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Grade - 12Grade -11 Grade -10Grade -9 Grade -8 Grade - 7 Grade -6 အတန်းများရှိ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ညဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ထပ်မံချီးမြှင့်ခြင်းစသည့်တိုကို တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကိုယ်တိုင်ရေး UAZL ကျောင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့သည်။

နောင်နောင်(ပြန်/ဆက်)