ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်

ဆိပ်ဖြူ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါကင်းစင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်က ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်သား/ကျောင်းသူများအား တီဘီရောဂါလက္ခဏာများနှင့် ကျန်းမာရေးစစ်ဆေးခဲ့သည်။

ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ၌ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၆၀၂၈ ဦးရှိပြီး ကျောင်းသား/ကျောင်းသူ ၅၆၆၁ ဦး စစ်ဆေးခဲ့ရာ တီဘီရောဂါလက္ခဏ သံသယရှိ ကျောင်းသား/ကျောင်းသူ (၁၁) ဦးအား တီဘီဌာနသို့ ညွှန်းပို့ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောကြား၍ သိရှိရသည်။

ကိုဇွဲ(အညာမြေ)