ဖောင်းပြင် ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က စာပေချစ်မြတ် နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းသည် အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြတ်စေရန်၊ အများသူငှာရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ အပြောစွမ်းရည် တိုးတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ် မမျိုးမျိုးသင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “အချိန်ကိုအသုံးချနည်း”စာအုပ်မှ အချိန်ဆိုတာဘဝ၊ဘဝဆိုတာ အချိန်၊ အချိန်ကိုတန်ဖိုးထားမှ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာမည့်အကြောင်းကို ဦးဆောင် ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စာဖတ်ပရိတ်သတ် မောင်လွင်လွင်စိုးနှင့်မယုယုခိုင်တို့က အချိန်ကိုအသုံးချပြီး လူတွေရဲ့ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ကြရမည့်အကြောင်းကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)