သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ အသက် ၅ နှစ်‌အောက် ကလေးသူငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများဆောင်ရွက်

သရက်ချောင်း ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်း မူလတန်း ကြိုကျောင်းမှ အသက် ၅ နှစ်အောက်ကလေးသူငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သဉ္ဇာသိန်းဝင်းက အသက် ၅ နှစ်‌အောက် ကလေးသူငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို မိဘများအား ရှင်းလင်းပြောကြားပြီးနောက် ဆရာ/ဆရာမများက လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးသူငယ်များ ခန္ခာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာမင်-A ၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသော ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)