အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၌ ယနေ့နံနက် ၉ နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝတ်ရည်လှိုင်က ကြိုဆို/နှုတ်ဆက်စကားပြောကြားခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဒုတိယနှစ်ကျောင်းသားတစ်ဦးက ကြိုဆို/နှုတ်ဆက်စကားပြောကြားခြင်း၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)