ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဇလွန် ‌ဇန်နဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ညောင်ပင်စျေး ကျောင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အ.မ.က ညောင်ပင်စျေးကျောင်းသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဇလွန်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရ (ပထမအကြိမ်)ကျွေးမွေးခြင်းကို ယနေ့တွင်အခြေခံပညာကျောင်းများ၌ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)