မကွေးမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်း ဆောင်ရွက်

မကွေး ဇန်နဝါရီ ၂

မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မကွေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုများ စစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုများ စစ်ဆေးခြင်း၊ အိမ်တိုင်းအိမ်တိုင်း မီးသတ်ဆေးဘူးများ ထားရှိရေးနှိုးဆော်ခြင်း၊ Fire Point ထားရှိရေးဆောင်ရွက်ခြင်း၊ ရေကန်များ ရေအမြဲဖြည့်ထားရေး၊ မီးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအပြင် ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြု တတ်စေရေးအတွက် ရှင်းလင်းပြောကြားပြီး  မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်သူ/ရပ်ကွက်သားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအသိပညာများ၊ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် အသိပညာပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသတိပေးနှိုးဆော်ခြင်း၊ တစ်အိမ်တစ်ဆင်း စစ်ဆေးခြင်း၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စက်သုံးဆီဆိုင်များကို စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်ကို(ဖန်ခါးမြေ)