ကျောင်းကုန်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ကျောင်းမှအိမ်သို့ အစာအုပ်စု စုံစုံလင်လင်ဖြင့် အာဟာရပြည့်ဝစေမည့် နည်းလမ်းကောင်းများဖြန့်ဝေရန် ရည်ရွယ်၍ KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁း၃၀ နာရီအချိန်က အ.ထ.က(၁)ကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းနှင့်ဆရာ/မများက KG ကျောင်းသား/သူ(၄၂)ဦးတို့အား လက်ကိုဆပ် ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ပေးပြီး၊ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာ မင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြသည်။
အလားတူ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၉၀)ကျောင်းတွင်လည်း KG ကျောင်းသား/သူ စုစုပေါင်း (၂၈၄၀)ဦးတို့အား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)