ကြံခင်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မက်သနောလမ်းထိပ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင် ဘုရားသွားလမ်း မုခ်ဦးသစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းတည်ဆောက်ပြီးလျက်ရှိကြောင်း သိရသည်။
အဆိုပါမုခ်ဦးအား ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ စုပေါင်းထည့်ဝင်ငွေဖြင့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ပင်မမုခ်ဦးတိုင်နှစ်တိုင်အား ကျောက်လောင်းခြင်းလုပ်ငန်းပြီးစီး၍ အထက်ပိုင်းသံလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မုခ်ဦးတည်ဆောက်ရေးကောင်မတီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် ဆောက်ရွက်လျက်ရှိသည်။
၎င်းမုခ်ဦးသည် အလျား ၄၀ ပေ၊ အမြင့် ၂၈ ပေ ရှိပြီး မုဒ်ဦးကြီးပြီးမြောက်ပါက နိုင်ငံခြားခရီးသွားများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်မည့်အပြင် မြို့အတွက် အထင်ကရနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း မုခ်ဦး ဆောက်လုပ်ရေးကော်မတီထံမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)