တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် ဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေနံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ၁၉၉၁ နှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွက် စတင်ဖွဲ့စည်းခဲ့သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့တွင် (၃၄) နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ပြန်/ဆက်ဦးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ရသည့် ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ မြို့နယ်ပြည်သူစာကြည့်တိုက် (Community Centre) အား ပြည်သူလူထုက စိတ်ဝင်စားသော အကူအညီတောင်းခံနိုင်သော ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သောနေရာ၊ ပြည်သူများ အမှန်တကယ် ရင်းနှီးကျွမ်းဝင်ပြီး ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပြည်သူများ အသိပညာဆည်းပူးရာနေရာ၊ သတင်းအချက်အလက်များ ရယူရာနေရာ၊ ပြည်သူများ အပန်းဖြေရာနေရာအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများဖြင့် ပူပေါင်း၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့် အခြား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့မခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)